ပါရမီထိုက်သော ဒါန နှင့် ပါရမီ မထိုက်သော ဒါန
-------------------------------------
လောဘပွားစီးဖို့ ပြုသော ဒါနသည် ပါရမီ မထိုက်သော ဒါနဖြစ်ပြီး ၊ လောဘ ကုန်ခမ်းဖို့ ပြုသော ဒါနသည် ပါရမီ ထိုက်သောဒါနဖြစ်သည်။
လေဘပွားစီးဖို့ ပြုသော ဒါနဟူသည် နာမည်ကြီးဖို့၊ လူသိများဖို့၊ အခွင့်အရေးရဖို့၊ နောက်ဘ၀ချမ်းသာဖို့ စသော တစ်ခုခုသော မျှော်လင့်ချက်နှင့် ပြုသောဒါနဖြစ်သည်။ပါရမီ မထိုက်သော ဒါနသည် လူ့ချမ်းသာ၊ နတ်ချမ်းသာကို သာ ပေးနိုင်ပြီး နိဗ္ဗာန်ချမ်းသာကို မပေးနိုင်။
ငါ ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့်ဲပုသော ဒါနမှန်သမျှ ပါရမီ မထိုက်ဟု တနည်း မှတ်သင့်သေးသည်...။ ငါ ဟူသည် ဒိဌိကိလေသာ ဖြစ်ပြီး ကောင်းစားဖို့ဟူသည် လောဘကိလေသာဖြစ်သည်။ ထိုကိလေသာနှစ်ပါးဦးဆောင်ပြီး ပြုသော ဒါနသည် အဘယ်မှာလျှင် ကိလေသာ ကုန်ရာ နိဗ္ဗာန် သို့ ပို့ပေးနိုင်ပါမည်နည်း။ ဧကန်မုချ ပို့မပေးနိုင်သည်သာ။ ထို့ကြောင့် ငါ ကောင်းစားဖို့ဟူသော မျှော်လင့်ချက်နှင့် လှူသော ဒါနသည် ပါရမီမထိုက်ခြင်းဖြစ်သည်။
လောဘကုန်ခမ်းဖို့ ပြုသော ဒါနဟူသည် မည်သည့်မျှော်လင့်ချက်မှ မထားဘဲ သူ ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် လှုဒါန်းသော ဒါနဖြစ်သည်။ အလှုခံ ပုဂိုလ်တည်းဟူသော သူတပါးကောင်းစားဖို့ဟု ရည်ရွယ်ချက်ချထားလိုက်သည်နှင့် ဒိဌိနှင့် လောဘကိလေသာကို ထိုဒါနက တစ်ခါတည်း ပယ်သတ်ပြီးသား ဖြစ်၏။ ကိလေသာ ပယ်သတ်နိုင်သောကြောင့်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်ခြင်းဖြစ်၏...။
မေတ္တာရှင်(ရွှေပြည်သာ)
Subscribe to:
Post Comments (Atom)
1 comment:
ဒါလေးကတော့မဖတ်ဘူးဘူး
ဆရာ့တော်စာအုပ်၁အုပ်ပဲဖတ်ဘူးတယ်
ခုဖတ်သွားပြီနော်
တရားအလှူကအမြတ်ဆုံးပါ
ညီမလေး(သို့)အမ လည်းတရားအလှူဝေမျှရလို့...စိတ်ချမ်းသာပါစေ
Post a Comment