Sunday, February 15, 2009

အရှင် ဆန္ဒာဓိက ၏ တရားတော်များမှ နှစ်သက်ရာရာများ...

* စိတ်တူကိုယ်တူ ကုသိုလ်တူတူပြုခဲ့ဖူးမှ၊ တစ်ယောက်အကျိုးတစ်ယောက် မေတ္တာအပြည့်နဲ့ ဆောင်ခြံဖူးမှ မြင်မြင်ချင်းချစ်နိုင်တာပါ...။

*ကိုယ်ချစ်တဲ့သူကို သတိရတဲ့အခါ ပျော်ခဲ့၊ ပါးခဲ့၊ ကြည်နူးခဲ့တာတွေကို သတိမရဘဲ `ကျန်းမာပါစေ.. ချမ်းသာပါစေ..`လို့ မေတ္တာလေးပွားပြီး သတိရနေမယ်ဆိုရင် စိတ်အေးချမ်းသွားပါတယ်....။
ကိုယ်ချစ်တဲ့သူ၊ ကိုယ်ာကည်ညိုတဲ့သူကို ကိုယ်ချစ်ခဲ့၊ ကိုယ်ကြည်ညိုခဲ့တာတွေ၊ ကိုယ်ပေးကမ်းခဲ့၊ လှူဒါန်းခဲ့တာတွေကို ပြန်သတိရရင် ဒါလည်းပဲ မေတ္တာနဲ့ သတိရတယ် လို့ ပြောလို့ရပါတယ်...။ `စာဂနုသတိ` နဲ့ သတိရတယ်လို့လည်း ပြောလို့ရပါတယ်...။
ကူညီစောင့်ရှောက်ခဲ့တာလေးတွေ ၊ ပေးကမ်းလှူဒါန်းခဲ့တာလေးတွေ ကို ပြန်တွေးလိုက်တော့ `စာဂနုသတိဘာဝနာ` တောင် ဖြစ်သွားပါသေးတယ်..။

*တစ်စုံတစ်ယောက်ကို ချစ်လို့ အဲဒီ တစ်စုံတစ်ယောက်ကို အမြဲသတိရနေတာ၊ တစ်စုံတစ်ယောက်ကို ကြိုက်လို့ အဲဒီတစ်စုံတစ်ယောက်(ခု)ကို အမြဲသတိရနေတာကိုက ကိုယ့်ဖက်က ရှုံးနေပါပြီ...။ ကိုယ့်စိတ်ကို အဲဒီ တစ်စုံတစ်ယောက်ဆီ ပေးထားလိုက်ရပြီလေ..။ ကိုယ့်စိတ်ကို မပိုင်တော့တာကိုက ကြီးကျယ်သော ဆုံးရှူံးခြင်းပါပဲ...။


*ကိုယ့်သားသမီးကို ကျွေးမွေးနေတာကို အလှူဒါနပြုနေရတာလို့ သဒ္ဓါတရားလေးနဲ့ နှလုံးသွင်းလိုက်မယ်ဆိုရင် .... ငါ ကျွေးလိုက်ထဲ့ထမင်းဟင်းစားပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အစစအရာရာ အဆင်ပြေပါစေဆိုတဲ့ မေတ္တာဓါတ်လေး ပို့လွှတ်ပြီးတော့မှ ကျွေးမယ်ဆိုရင် ကုသိုလ်ပြုနေတာပါပဲ...။


*ရေလေးတစ်ခွက်တိုက်တာက အစ၊ ပန်းလေးတစ်ပွင့်ပေးတာကအစ၊ သစ်သီးလေးတစ်လုံးကျွေးတာက အစ `က္ကဒံမေပုညံ နိဗ္ဗာနသ ပစ္စယောဟောတု `၊ ရဟန်းသျံဃာကို လှူတယ်ဆိုရင်လည်း ` ဘုရား ၊ ပစေကဗုဒ္ဓါအရှင်မြတ်ဘုရားများ ထိုးထွင်းသိသော သစ္စာလေးပါးတရား သိခွင့်ရပါစေ။ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ဖို့၊ သစ္စာလေးပါးတရားသိဖို့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဦးတည်ပြီးတော့ ပြုတဲ့ ကုသိုလ်ကောင်းမှုတိုင်းဟာ ခိုင်သထက်ခိုင် တဲ့ ကုသိုလ်ကောင်းမှုပါပဲ..။


*ကိုယ်ကိုယ်တိုင် ကြိုမသိတဲ့ ကိုယ့်ဝေစုကို သူများက လှုပေးလိုက်တာကို ကိုယ်သိတဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင်လှုလိုက်ရသလို ကျေကျေနပ်နပ် ၀မ်းမြောက်ဝမ်းသာဖြစ်ရင် အဲဒီကုသိုလ်ဟာ ကိုယ့်ကုသိုလ်ပါပဲ...။

1 comment:

မချစ်ရ said...

အရှင်ဆန္ဒာဓိကစာတွေကိုအရမ်းကြိုက်နှစ်သက်ပါတယ်
ခုလိုလေးရေးပေးတော့မေ့နေတာလေးတွေပြန်သတိရ
တဲ့အတွက်ကျေးဇူးပါနော်