Life ends; when you stop Dreaming.
Hope ends; when you stop Believing.
Love ends; when you stop Caring.
And Friendship ends; when you stop Sharing.
ကျွနမ် ယုံကြည်ပါတယ်-
တစ်ဖက်သားအပေါ် ဖေးဖကူညီမှုရှိနေသရွေ့  မိတ်ဆွေဆိုတာ မရှားပါဘူး။
တစ်ဦးနှင့်တစ်ဦးအပေါ် ဂရုစိုက်ခြင်း တည်ရှိနေသရွှေ အချစ်တို့ သည် အဆုံးမသတ်သေးပါ။
ယုံကြည်ချက်တွေ တည်ရှိနေသရွှေ မျော်လင့်ချက်ဆိုတာ မကွယ်ပျောက်ပါ။
မျော်လင့်ချက်တွေရှိနေသေးသရွေ့  ဘ၀ဆိုတာ မသေဆုံးပါဘူး။
Sunday, February 15, 2009
ပါရမီထိုက်သော ဒါန နှင့် ပါရမီ မထိုက်သော ဒါန

-------------------------------------
လောဘပွားစီးဖို့ ပြုသော ဒါနသည် ပါရမီ မထိုက်သော ဒါနဖြစ်ပြီး ၊ လောဘ ကုန်ခမ်းဖို့ ပြုသော ဒါနသည် ပါရမီ ထိုက်သောဒါနဖြစ်သည်။
လေဘပွားစီးဖို့ ပြုသော ဒါနဟူသည် နာမည်ကြီးဖို့၊ လူသိများဖို့၊ အခွင့်အရေးရဖို့၊ နောက်ဘ၀ချမ်းသာဖို့ စသော တစ်ခုခုသော မျှော်လင့်ချက်နှင့် ပြုသောဒါနဖြစ်သည်။ပါရမီ မထိုက်သော ဒါနသည် လူ့ချမ်းသာ၊ နတ်ချမ်းသာကို သာ ပေးနိုင်ပြီး နိဗ္ဗာန်ချမ်းသာကို မပေးနိုင်။
ငါ ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့်ဲပုသော ဒါနမှန်သမျှ ပါရမီ မထိုက်ဟု တနည်း မှတ်သင့်သေးသည်...။ ငါ ဟူသည် ဒိဌိကိလေသာ ဖြစ်ပြီး ကောင်းစားဖို့ဟူသည် လောဘကိလေသာဖြစ်သည်။ ထိုကိလေသာနှစ်ပါးဦးဆောင်ပြီး ပြုသော ဒါနသည် အဘယ်မှာလျှင် ကိလေသာ ကုန်ရာ နိဗ္ဗာန် သို့ ပို့ပေးနိုင်ပါမည်နည်း။ ဧကန်မုချ ပို့မပေးနိုင်သည်သာ။ ထို့ကြောင့် ငါ ကောင်းစားဖို့ဟူသော မျှော်လင့်ချက်နှင့် လှူသော ဒါနသည် ပါရမီမထိုက်ခြင်းဖြစ်သည်။
လောဘကုန်ခမ်းဖို့ ပြုသော ဒါနဟူသည် မည်သည့်မျှော်လင့်ချက်မှ မထားဘဲ သူ ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် လှုဒါန်းသော ဒါနဖြစ်သည်။ အလှုခံ ပုဂိုလ်တည်းဟူသော သူတပါးကောင်းစားဖို့ဟု ရည်ရွယ်ချက်ချထားလိုက်သည်နှင့် ဒိဌိနှင့် လောဘကိလေသာကို ထိုဒါနက တစ်ခါတည်း ပယ်သတ်ပြီးသား ဖြစ်၏။ ကိလေသာ ပယ်သတ်နိုင်သောကြောင့်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်ခြင်းဖြစ်၏...။
မေတ္တာရှင်(ရွှေပြည်သာ)

အရှင် ဆန္ဒာဓိက ၏ တရားတော်များမှ နှစ်သက်ရာရာများ...
* စိတ်တူကိုယ်တူ ကုသိုလ်တူတူပြုခဲ့ဖူးမှ၊ တစ်ယောက်အကျိုးတစ်ယောက် မေတ္တာအပြည့်နဲ့ ဆောင်ခြံဖူးမှ မြင်မြင်ချင်းချစ်နိုင်တာပါ...။
*ကိုယ်ချစ်တဲ့သူကို သတိရတဲ့အခါ ပျော်ခဲ့၊ ပါးခဲ့၊ ကြည်နူးခဲ့တာတွေကို သတိမရဘဲ `ကျန်းမာပါစေ.. ချမ်းသာပါစေ..`လို့ မေတ္တာလေးပွားပြီး သတိရနေမယ်ဆိုရင် စိတ်အေးချမ်းသွားပါတယ်....။
ကိုယ်ချစ်တဲ့သူ၊ ကိုယ်ာကည်ညိုတဲ့သူကို ကိုယ်ချစ်ခဲ့၊ ကိုယ်ကြည်ညိုခဲ့တာတွေ၊ ကိုယ်ပေးကမ်းခဲ့၊ လှူဒါန်းခဲ့တာတွေကို ပြန်သတိရရင် ဒါလည်းပဲ မေတ္တာနဲ့ သတိရတယ် လို့ ပြောလို့ရပါတယ်...။ `စာဂနုသတိ` နဲ့ သတိရတယ်လို့လည်း ပြောလို့ရပါတယ်...။
ကူညီစောင့်ရှောက်ခဲ့တာလေးတွေ ၊ ပေးကမ်းလှူဒါန်းခဲ့တာလေးတွေ ကို ပြန်တွေးလိုက်တော့ `စာဂနုသတိဘာဝနာ` တောင် ဖြစ်သွားပါသေးတယ်..။
*တစ်စုံတစ်ယောက်ကို ချစ်လို့ အဲဒီ တစ်စုံတစ်ယောက်ကို အမြဲသတိရနေတာ၊ တစ်စုံတစ်ယောက်ကို ကြိုက်လို့ အဲဒီတစ်စုံတစ်ယောက်(ခု)ကို အမြဲသတိရနေတာကိုက ကိုယ့်ဖက်က ရှုံးနေပါပြီ...။ ကိုယ့်စိတ်ကို အဲဒီ တစ်စုံတစ်ယောက်ဆီ ပေးထားလိုက်ရပြီလေ..။ ကိုယ့်စိတ်ကို မပိုင်တော့တာကိုက ကြီးကျယ်သော ဆုံးရှူံးခြင်းပါပဲ...။
*ကိုယ့်သားသမီးကို ကျွေးမွေးနေတာကို အလှူဒါနပြုနေရတာလို့ သဒ္ဓါတရားလေးနဲ့ နှလုံးသွင်းလိုက်မယ်ဆိုရင် .... ငါ ကျွေးလိုက်ထဲ့ထမင်းဟင်းစားပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အစစအရာရာ အဆင်ပြေပါစေဆိုတဲ့ မေတ္တာဓါတ်လေး ပို့လွှတ်ပြီးတော့မှ ကျွေးမယ်ဆိုရင် ကုသိုလ်ပြုနေတာပါပဲ...။
*ရေလေးတစ်ခွက်တိုက်တာက အစ၊ ပန်းလေးတစ်ပွင့်ပေးတာကအစ၊ သစ်သီးလေးတစ်လုံးကျွေးတာက အစ `က္ကဒံမေပုညံ နိဗ္ဗာနသ ပစ္စယောဟောတု `၊ ရဟန်းသျံဃာကို လှူတယ်ဆိုရင်လည်း ` ဘုရား ၊ ပစေကဗုဒ္ဓါအရှင်မြတ်ဘုရားများ ထိုးထွင်းသိသော သစ္စာလေးပါးတရား သိခွင့်ရပါစေ။ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ဖို့၊ သစ္စာလေးပါးတရားသိဖို့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဦးတည်ပြီးတော့ ပြုတဲ့ ကုသိုလ်ကောင်းမှုတိုင်းဟာ ခိုင်သထက်ခိုင် တဲ့ ကုသိုလ်ကောင်းမှုပါပဲ..။
*ကိုယ်ကိုယ်တိုင် ကြိုမသိတဲ့ ကိုယ့်ဝေစုကို သူများက လှုပေးလိုက်တာကို ကိုယ်သိတဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင်လှုလိုက်ရသလို ကျေကျေနပ်နပ် ၀မ်းမြောက်ဝမ်းသာဖြစ်ရင် အဲဒီကုသိုလ်ဟာ ကိုယ့်ကုသိုလ်ပါပဲ...။

Subscribe to:
Posts (Atom)